You can also download android application here.
Free Download ×

မေးလေ့ရှိသောမေးခွန်းများ
Byoh Lifestyle ဝန်ဆောင်မှု
 
၁။ Byoh Lifestyle ဆိုတာ ဘယ်လိုဝန်ဆောင်မှုမျိုးပါလဲ။ 
Byoh Lifestyle ဆိုတာက လူငယ်လူရွယ်တို့ အောင်မြင်တိုးတက်စေဖို့၊ ကျန်းမာထက်မြက်စေဖို့၊ ဖက်ရှင်ကျလှပစေဖို့၊ တက်ကြွပျော်ရွှင်စေဖို့၊ ဗဟုသုတတွေ ကြွယ်ဝစေဖို့၊ ခေတ်နဲ့အညီရင်ပေါင်တန်းနိုင်ဖို့၊ လူနေမှုဘဝတွေ မြင့်တက်စေဖို့၊ နည်းပညာခေတ်ကြီးထဲမှာ သူများတွေရဲ့နောက်မှာ မကျန်ရစ်စေဖို့ အစီအစဉ်ကောင်းတွေကို နေ့စဉ်တင်ဆက်ပေးနေတဲ့ Application နဲ့ Web Portal ဝန်ဆောင်မှု ဖြစ်ပါတယ်။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ကဏ္ဍပေါင်းများစွာပါဝင်ပြီး ကြည့်ရှုစရာအစီအစဉ်အသစ်တွေနဲ့ ဖတ်ရှုစရာ ဆောင်းပါးအသစ်တွေကို နေ့စဉ်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 
 
၂။ Byoh Lifestyle Application ကို ဘယ်လိုရယူနိုင်ပါမလဲ။
Byoh Lifestyle Application ကို Google Play Store မှာ Download လုပ်ပြီး ရယူနိုင်သလို https://byohls.com/download/  မှာလည်း Download လုပ်ပြီး ရယူနိုင်ပါတယ်။
 
၃။ Byoh Lifestyle ဝန်ဆောင်မှုကို Website မှာ ရနိုင်ပါသလား။ 
www.byoh.com.mm မှာ ဝန်ဆောင်မှုရယူပြီး ကိုယ်တိုင် အောင်မြင်တိုးတက်စေဖို့၊ ကျန်းမာထက်မြက်စေဖို့၊ ဖက်ရှင်ကျလှပစေဖို့၊ တက်ကြွပျော်ရွှင်စေဖို့၊ ဗဟုသုတတွေ ကြွယ်ဝစေဖို့၊ ခေတ်နဲ့အညီရင်ပေါင်တန်းနိုင်ဖို့၊ လူနေမှုဘဝတွေ မြင့်တက်စေဖို့၊ နည်းပညာခေတ်ကြီးထဲမှာ သူများတွေရဲ့နောက်မှာ မကျန်ရစ်စေဖို့ Byoh Lifestyle က နေ့စဉ်တင်ဆက်ပေးနေတဲ့ အစီအစဉ်ကောင်းတွေကို တစ်နေရာတည်းမှာ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။
 
၄။ Byoh Lifestyle ဝန်ဆောင်မှုကို ဘယ်လိုရယူရပါမလဲ။
Byoh Lifestyle Application (သို့မဟုတ်) Website တွင် MPT (သို့မဟုတ်) Atom ဖုန်းနံပါတ်ဖြင့် ဝန်ဆောင်မှုရယူနိုင်ပါတယ်။ MPT ဖုန်းနံပါတ်ဖြင့် 8637 ကို ON လို့ SMS ပေးပို့ပြီးလည်း ဝန်ဆောင်မှု ရယူနိုင်ပါတယ်။
 
 
၅။ Byoh Lifestyle ဝန်ဆောင်မှုကို ဘယ်လိုစက်ပစ္စည်းတွေမှာ အသုံးပြုလို့ ရနိုင်ပါသလဲ။
Byoh Lifestyle ဝန်ဆောင်မှုကို အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်တဲ့ Android Version 4.1 နှင့်အထက် Android Smartphone တွေ၊ iPhone တွေ၊ iPad တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 
 
၆။ iOS Device တွေမှာ Byoh Lifestyle Application ကို အသုံးပြုလို့ရနိုင်ပါသလား။ 
လက်ရှိမှာတော့ Byoh Lifestyle Application ကို iOS Device တွေမှာ အသုံးပြုလို့မရနိုင်သေးပါဘူး။ ဒါပေမဲ့ iOS Device အသုံးပြုသူတွေအနေနဲ့ www.byoh.com.mm မှတဆင့် Byoh Lifestyle ဝန်ဆောင်မှုကို အသုံးပြုပြီး နေ့စဉ်တင်ဆက်ပေးနေတဲ့ အစီအစဉ်ကောင်းတွေကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ 
 
၇။ Byoh Lifestyle ဝန်ဆောင်မှုကို အသုံးပြုတဲ့အခါ ဝန်ဆောင်ခ ဘယ်လောက်ကျသင့်မှာပါလဲ။
ကြည့်ရှုစရာ၊ ဖတ်ရှုစရာ ကဏ္ဍပေါင်းများစွာ တင်ဆက်ပေးနေတဲ့ Byoh Lifestyle ဝန်ဆောင်မှုကို အသုံးပြုမယ်ဆိုရင် နေ့စဉ်ဝန်ဆောင်ခ ၉၉ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ ဝန်ဆောင်ခ ၉၉ ကျပ် ပေးဆောင်ပြီးပြီဆိုရင်တော့ Byoh Lifestyle ဝန်ဆောင်မှုက နေ့စဉ်တင်ဆက်ပေးနေတဲ့ အစီအစဉ် ကောင်းတွေကို ကြည့်ရှုခံစားနိုင်ပြီ ဖြစ်ပါတယ်။
 
၈။ ဝန်ဆောင်ခပေးချေလို့ရတဲ့ နည်းလမ်းတွေကို သိချင်ပါတယ်။
ဝန်ဆောင်ခကို သင့်ရဲ့ MPT, Atom ဖုန်းဘေလ်ကနေ ပေးချေလို့ ရနိုင်ပါတယ်။ သင်ဟာ ဖုန်းဘေလ်ကြိုတင် ဖြည့်ပြီး အသုံးပြုသူဖြစ်ပါက ဝန်ဆောင်ခကို ဖုန်းငွေလက်ကျန်ထဲမှ ဖြတ်တောက်သွားမည်ဖြစ်ပြီး သုံးပြီးမှ ငွေချေသည့်စနစ်ကို အသုံးပြုသူဖြစ်ပါက ဖုန်းဘေလ်ကောက်ခံသည့်အခါ MPT, Atom တို့မှ ကျသင့်ငွေကို တွက်ချက် ကောက်ခံသွားမှာ ဖြစ်ပါတယ်။
 
၉။ ဝန်ဆောင်ခကို ဘယ်လိုပေးချေရပါမလဲ။
ဝန်ဆောင်ခအတွက် ကျသင့်ငွေကို MPT, Atom ဖုန်းဘေလ်ထဲမှ ကောက်ခံသွားမှာ ဖြစ်ပါတယ်။ သင်ဟာ ဖုန်းဘေလ်ကြိုတင်ဖြည့်ပြီး အသုံးပြုသူဖြစ်ပါက ဝန်ဆောင်ခကို ဖုန်းငွေလက်ကျန်ထဲမှ ဖြတ်တောက်သွားမှာဖြစ်ပြီး သုံးပြီးမှငွေချေတဲ့ စနစ်ကို အသုံးပြုသူဖြစ်ပါက ဖုန်းဘေလ်ကောက်ခံသည့်အခါ MPT, Atom မှ ကျသင့်ငွေကို တွက်ချက်ကောက်ခံ သွားမှာ ဖြစ်ပါတယ်။
 
၁၀။ Byoh Lifestyle ဝန်ဆောင်မှုမှ ဗီဒီယိုအစီအစဉ်တွေကို ကြည့်ရှုတဲ့အခါ အင်တာနက်ဒေတာဖိုး ထပ်မံကုန်ကျမှာပါလား။
မိမိ၏ဖုန်းမှ အင်တာနက်ဖွင့်ပြီး ဗီဒီယိုအစီအစဉ်တွေကို တိုက်ရိုက်ကြည့်ရှုတဲ့အခါ အဲဒီအတွက် အင်တာနက် ဒေတာဖိုး ထပ်မံကုန်ကျမှာ ဖြစ်ပါတယ်။ တကယ်လို့ ဝိုင်ဖိုင်အသုံးပြုပြီး ဗီဒီယိုအစီအစဉ်တွေကို ကြည့်ရှုမယ်ဆိုရင်တော့ အင်တာနက်ဒေတာဖိုး ထပ်မံကုန်ကျမှာ မဟုတ်ပါဘူး။ 
 
၁၁။ Byoh Lifestyle ဝန်ဆောင်မှုကို ဝိုင်ဖိုင်နဲ့ အသုံးပြုလို့ရပါသလား။ 
အသုံးပြုနိုင်ပါတယ်။ 
 
၁၂။ Byoh Lifestyle ဝန်ဆောင်မှုမှာ မှတ်ပုံမတင်ဘဲ ဝန်ဆောင်မှုကို အသုံးပြုလို့ရပါသလား။
Byoh Lifestyle ဝန်ဆောင်မှုကို ဖုန်းနံပါတ်ဖြင့် မှတ်ပုံမတင်ဘဲ အသုံးပြုလို့ မရနိုင်ပါ။
 
၁၃။ နေ့စဉ်ကြေးမပေးဘဲ Byoh Lifestyle ဝန်ဆောင်မှုကတင်ဆက်ပေးနေတဲ့ ဗီဒီယိုတွေနဲ့ ဆောင်းပါးတွေကို ကြည့်ရှုလို့ရပါသလား။
မရနိုင်ပါဘူး။ နေ့စဉ်ကြေးပေးဆောင်ပြီးမှသာ ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 
 
၁၄။ Byoh Lifestyle ဝန်ဆောင်မှုကို ရပ်ဆိုင်းချင်ရင် ဘယ်လိုလုပ်ရပါမလဲ။
ဝန်ဆောင်မှုကို ရပ်ဆိုင်းလိုပါက MPT ဖြင့် 8637 ကို OFF ဟု SMS ပေးပို့ဖြစ်စေ၊ ATOM ဖြင့် *979*3*2# ကို ဖုန်းခေါ်ဆို၍ ဖြင့်စေ၊ Byoh Lifestyle Application (သို့မဟုတ်) Byoh Lifestyle Website မှ ဝန်ဆောင်မှုရပ်ဆိုင်းရန်ခလုတ်ကို နှိပ်ပြီးလည်း ဝန်ဆောင်မှုကို ရပ်ဆိုင်းနိုင်ပါတယ်။ 
 
၁၅။ Byoh Lifestyle ဝန်ဆောင်မှုက ဗီဒီယိုအစီအစဉ်တွေကို Download လုပ်လို့ရပါသလား။
Download လုပ်လို့ မရပါဘူး။
 
 
 
၁၆။ အကောင့်တစ်ခုတည်းကို စက်ဘယ်နှလုံးအထိ တစ်ပြိုင်တည်း အသုံးပြုနိုင်ပါသလဲ။
အကောင့်တစ်ခုကို စက်တစ်လုံးမှာပဲ အသုံးပြုလို့ ရနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင်က သင့်ရဲ့အကောင့်ကို အခြားစက်တစ်လုံးမှာ ပြောင်းသုံးပါက အရင်စက်က အကောင့်က အလိုအလျောက် ပိတ်သွားမှာ ဖြစ်ပါတယ်။ 
 
၁၇။ Byoh Lifestyle ဝန်ဆောင်မှုကို ပြည်ပနိုင်ငံများတွင် အသုံးပြုလို့ ရနိုင်ပါသလား။
Byoh Lifestyle ဝန်ဆောင်မှုကို ပြည်ပနိုင်ငံတွေမှာ အသုံးပြုလို့မရနိုင်သေးပါ။
 
၁၈။ Byoh Lifestyle ဝန်ဆောင်မှုကို ဘယ်လိုနေရာဒေသတွေမှာ အသုံးပြုလို့ရနိုင်ပါသလဲ။
Byoh Lifestyle ဝန်ဆောင်မှုကို မြန်မာနိုင်ငံအတွင်းမှာပဲ အသုံးပြုလို့ ရနိုင်ပါသေးတယ်။ 
 
၁၉။ ဗီဒီယိုအစီအစဉ်တွေ ကြည့်ရှုတဲ့အခါ ဗီဒီယိုတွေရဲ့ ကြည်လင်ပြတ်သားမှုအရည်အသွေးကို ရွေးချယ်ကြည့်ရှု နိုင်ပါသလား။
ဗီဒီယိုအစီအစဉ်တွေ ကြည့်ရှုတဲ့အခါ ဗီဒီယိုတွေရဲ့ ကြည်လင်ပြတ်သားမှုအရည်အသွေးကို 240P ၊ 360P ၊ 480P၊ 720P နဲ့ 1080P ဆိုပြီး ကိုယ်နှစ်သက်ရာ အရည်အသွေး (Resolution) နဲ့ ရွေးချယ်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
 
၂၀။ Byoh Lifestyle ဝန်ဆောင်မှုကို ဘယ်လိုဆက်သွယ်ရပါမလဲ။
ဖုန်းနံပါတ် 012305273 တို့ကို ၂၄ နာရီအချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်သလို Byoh Lifestyle Facebook Page ရဲ့ Messenger ကနေလည်း ၂၄ နာရီအချိန်မရွေး မေးမြန်းနိုင်ပါတယ်။ သင့်အတွက် Byoh Lifestyle က အမြဲအဆင်သင့် ရှိနေပါတယ်။